ဘိုင်ဝီကလီ မျက်နှာဖုံးမှ အတင်းအဖျင်း မြန်မာ့အလင်း
ယူကွန် | မေလ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသည့် အတွဲ ၂ အမှတ် ၆ ဘိုင်ဝီကလီ ဂျာနယ်၏ မျက်နှာဖုံးတွင် ဖေါ်ပြ ထားသော အကြောင်းအရာ တစ်ခု၏ သတင်း ဓာတ်ပုံတွင် အတင်းအဖျင်း မြန်မာ့အလင်း ဟု ပါရှိလာ ရာ အစ တွင် မည်သူမျှ မသိကြသေးသော်လည်း တစ်ယောက် စကား တစ်ယောက် နား လက်ဆင့် ကမ်းသွားရာမှ ဂျာနယ် ၀ယ်ယူသူများ ပိုများလာသည် ဟု ရန်ကုန်မြို့ထဲတွင် ဂျာနယ် လက်ပွေ့ ရောင်းသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

“အင်တာနက် ၀က်ဘ်ဘလော့ နှင့် ၀က်ဘ်ဆိုက်များပေါ်တွင် သတင်းဖေါ်ပြမှု များပြားလာ ခဲ့သော်လည်း လွတ်လပ်စွာ ရေးသားခွင့်နှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ အပေါ်တွင် နားလည်မှု နည်းပါးသေး” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးတွင် ပါရှိသည့် ပုံစာမှာ ဂူးဂဲလ် အင်တာနက် ရှာဖွေရေးတွင် မြန်မာစာလုံး “အတင်းအဖျင်း” ဆိုသည်ကို ရိုက်ထည့်ပြီး ရှာဖွေထားသည့် ရလဒ် ကို ဖန်သားပြင် ပုံရိပ်ရိုက်၍ ပြန်လည် ဖေါ်ပြရာမှ ထို အတင်းအဖျင်း မြန်မာ့အလင်း ပါဝင်လာကြောင်း တွေ့ရှိရသည်။

ဖေါ်ပြထားသည့် အတင်းအဖျင်း မြန်မာ့အလင်း စားသားတွင် မြန်မာ့အလင်း စာသားကို ဖိုတိုရှောပ် ဖြင့် မှုန်ဝါးထားသော်လည်း စာဖတ်သူများသဲကွဲစာ မြင်ရသည့် အနေအထားရှိ သည် ကို ယနေ့ထုတ် ဘိုင်ဝီကလီ ဂျာနယ်တွင် တွေ့ ရသည်။

၂၀၀ရ နှစ်က မြန်မာတိုင်းဂျာနယ် တွင် လူသတ်ကောင် သန်းရွှေ (Killer Than Shwe)ဆိုသော စကားကို ကြော်ငြာပုံစံဖြင့် အခြား ဘာသာ စကားတစ်ခု ကဲ့သို့ ထင်ရအောင် စီစဉ်ထားသော်လည်း ပြည်သူများက သိရှိခဲ့သည်။ ထိုကြော်ငြာကြောင့် ထိုအပတ်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် များမှာ ဈေးကွက်မှ လိုက်လံ သိမ်းဆည်း ခဲ့ရသည်။

မြန်မာ့အလင်း သတင်းစာမှာ စစ်အစိုးရ မှ ထိန်းချူပ်ထားသည့် စစ်အစိုးရ အာဘော် သတင်းစာ ဖြစ်သည့် အတွက် မည်ကဲ့သို့ ဆက်ဖြစ် လာမည်ကို မျက်နှာဖုံးတွင် ဖြစ်နေသောကြောင့် ခန့်မှန်းရခက်ကြောင်း ပြည်တွင်း စာနယ်ဇင်း သမားတစ်ဦးက သုံးသပ်သည်။

source by : FREEDOM NEWS GROUP

0 comments